ချစ်သူ..အတွက်
ချစ်သူ...
တမြေစီခြားနေပေမယ့်..
နှလုံးသားတစုံ အတူရှိနေရင် ပြည်စုံခဲ့ပြီနော်...
အတူမရှိနိုင်တဲ့ အခုလိုအချိန်တွေမှာ
မဖတ်ဖြစ်ခဲ့တဲ့ စာတချို့နဲ့ မပြောနိုင်သေးတဲ့
စကားလေးတွေကို ဒိုင်ယာရီရဲ့စာမျက်နှာတွေမှာ ဖော်ပြရင်း
အတူပြန်ဆုံမယ့်နေ့ကို ရင်ခုန်စွာနဲ့ စောင့်မျှော်ဆဲပါ...။
ဒီည...
ကြယ်တွေ မထွန်းလင်းနိုင်ခဲ့သလို
လမင်းကြီးက တိမ်တွေကြားမှာ မှေးခို အိပ်စက်နေတယ်ထင်ပါရဲ့...
အခန်းကျဉ်းကျဉ်းနဲ့ မှိန်ပြပြ မီးလုံးလေးတွေရဲ့အောက်မှာ
ချစ်သူကို သိပ်ချစ်တဲ့အကြောင်း ကဗျာတွေ သီရင်းနဲ့ပေါ့...။
ချစ်သူ...
ပြန်မရနိုင်တော့တဲ့ မနေ့က အချိန်တွေနဲ့ ၊ ကြည်နူးခဲ့ကြတဲ့
မနက်က အကြောင်းတွေကို ပြန်တွေးမိတိုင်း
အိပ်ရာထက်မှာ လူးလွန့်ရင်း ငါ့ရင်ခုန်သံတွေ ခုထိ ငါပြန်ကြားနေရတုန်းပဲလေ....။
ဟုတ်တယ်..ချစ်သူ
နောက်ဆုံး ငါသိခဲ့တဲ့ငါ့ကိုယ်ငါနဲ့..ငါရေးခဲ့တဲ့ ကဗျာတွေရဲ့အကြောင်းကလဲ
နင့်ကို သိပ်ချစ်ဆိုတာပါပဲဟာ....။